အင်တာနက် ကုမ္ပဏီကြီးတခုဖြစ်တဲ့ Google က အမေရိကန် ပြည်ထောင်စုမှာ အင်တာနက် သုံးစွဲနေကြသူတွေအတွက် ပိုပြီးမြန်ဆန်တဲ့ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်သွားဖို့ ပြင်ဆင်နေပါတယ်။ မရှေးမနှောင်း ဆိုသလိုပဲ အင်တာနက် သုံးစွဲသူတွေအတွက် Google က လူမှုရေးကွန်ယက် ဆက်သွယ်မှု စနစ်တခုကိုလည်း စတင် အသုံးပြုခဲ့တာပါ။ ဒီလို Google ကုမ္ပဏီကြီးရဲ့ အင်တာနက်ပေါ်က ဝန်ဆောင်မှုလုပ်ငန်း တိုးချဲ့မှုတွေနဲ့အတူ ဒီလုပ်ငန်းတွေရဲ့ သက်ရောက်မှု အဆိုးအကောင်း၊ စတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။