သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက် မြောက်ကိုရီးယား စွန့်လွှတ်မည်မဟုတ်


မြောက်ကိုရီးယားအစိုးရက သူတို့ကို စီးပွားရေး အကူအညီတွေ ပေးမယ်လို့ မက်လုံးတွေ ပေးနေပေမဲ့လည်း သူတို့ရဲ့ နျူကလီးယား လက်နက် ထုတ်လုပ်မယ့် အစီအစဉ်ကို စွန့်လွှတ်နိုင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ နျူကလီးယား အစီအစဉ်တွေဟာ သူတပါးကို ခြိမ်းခြောက်ရန်မူဖို့ မဟုတ်ဘဲ မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ အထူးသဖြင့် အမေရိကန်ရဲ့ နျူကလီးယားနဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ဒီကနေ့ထုတ် မြောက်ကိုရီးယား အစိုးရ ဗဟိုသတင်းဌာနမှာ ရေးသားထားတဲ့ အာဘော်ဆောင်းပါးတစောင်မှာ တွေ့ရတာပါ။

စီးပွားရေးအကူအညီတွေ ပေးလို့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေကို စွန့်လွှတ်လိုက်မယ်လို့ ထင်လိုက်ရင် မှားသွားလိမ့်မယ်လို့ အဲဒီအာဘော်ဆောင်းပါးက ဆိုပါတယ်။ နျူကလီးယားကိစ္စကို ဖြေရှင်းဖို့ အဓိကသော့ချက်ကတော့ အမေရိကန်တို့ရဲ့ မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ တင်းမာတဲ့မူတွေကို ရပ်တန်းကရပ်ဖို့ပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားကို စီးပွားရေး အကူအညီတွေ ကမ်းလှမ်းပြီးတော့ နျူကလီးယားလက်နက် အစီအစဉ်တွေ စွန့်လွှတ်ဖို့အတွက် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်နဲ့ တောင်ကိုရီးယား အစိုးရတို့က တိုက်တွန်းနေခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG