Kepler အာကာသကြည့်မှန်ပြောင်းကြီးကနေတဆင့် အာကာသထဲမှာ ကမ္ဘာသစ်ငါးခုကို
ရှာဖွေတွေ့ရှိလိုက်ပြီလို့ ဇန်န၀ါရီလ ၄ ရက်၊ တနင်္လာနေ့မှာ သိပ္ပံပညာရှင်တွေက
ကြေညာခဲ့ပါတယ်။
အာကာသထဲကကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေကို ရှာဖွေဖို့ဆိုတဲ့ ရည်ရွယ်
ချက်နဲ့ ပြီးခဲ့တဲ့နှစ်မတ်လက Kepler မှန်ပြောင်းကို အာကာသထဲ လွှတ်တင်ထားတာ
ပါ။ ဗွီအိုအေသတင်းထောက် Art Chimes ရဲ့ သတင်းဆောင်းပါးကို အခြေခံပြီး
ဒီသီတင်းပတ်ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ တင်ပြထားပါတယ်။