မြန်မာနိုင်ငံမှာ
စစ်အစိုးရက ဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ
လက်ခံနိုင်စရာအခြေအနေမှာ
မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်
အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး
မစ္စတာ Tomas Ojea
Qunitana က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေးကို
လေးစား
လိုက်နာခြင်းမရှိတဲ့အတွက် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း အများ
လက်ခံယုံကြည်နိုင်စရာ
မရှိတဲ့အကြောင်း မစ္စတာကင်တားနားက ပြောလိုက်တာပါ။
မြန်မာနိုင်ငံခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်ကျနေတဲ့
မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့သလို မြန်မာစစ်ကောင်စီ
ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ မစ္စတာကင်တားနား
ပြန်ထွက်လာရပြီးတဲ့နောက်
အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို
ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ငါးရက်ကြာ
မြန်မာနိုင်ငံခရီးစဉ်ကနေ ပြန်အလာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လေဆိပ်
မှာ မစ္စတာကင်တားနားက
မြန်မာစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
သူ့ရဲ့သဘောထားအမြင်ကို ပြောဆိုခဲ့တာပါ။
“မြန်မာစစ်အစိုးရအနေနဲ့
လူ့အခွင့်အရေးကို လေးစားလိုက်နာမယ့် အရိပ်အယောင်မျိုး
မတွေ့ရဘူးဆိုတာပါ။ ဒီတော့ သူတို့ကျင်းပမယ့်ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိ
ဘူးလို့ ပြောရပါလိမ့်မယ်။”
မစ္စတာကင်တားနားဟာ
ငါးရက်ကြာခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်နဲ့ ရခိုင်
ပြည်နယ်၊ ဘူးသီးတောင် အကျဉ်းထောင်တွေကို သွားရောက်ပြီး နှစ်ရှည်ထောင်ဒဏ်
ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုဌေးကြွယ်အပါအဝင်
နိုင်ငံရေးအကျဉ်းသားတချို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒီအကျဉ်းသားတွေကို
မြန်မာစစ်
အစိုးရက လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရဘူးလို့ သူကပြောပါတယ်။
ဒီလိုနိုင်ငံရေးအကျဉ်းသားတွေကို
ဆက်ပြီးဖမ်းဆီးထားမယ့်အတွက် စစ်အစိုးရကျင်းပ
မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတခု
ဖြစ်နိုင်ခြေ
အပေါ် သူ့အနေနဲ့ သံသယရှိတယ်ဆိုပြီး မစ္စတာကင်တားနားက ပြောခဲ့တာပါ။
“ယုံကြည်ချက်ကြောင့်
အဖမ်းအဆီးခံနေရတဲ့သူတွေ အားလုံးကို စစ်အစိုးရက လွှတ်
ပေးမယ့်အရိပ်အယောင် မတွေ့ရပါဘူး။
ဒါက ကျနော့်ရဲ့ခရီးစဉ်အတွင်းမှာ တွေ့ရှိချက်
ပါ။ ဒီလို လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရတဲ့အတွက်
နိုင်ငံရေးအကျဉ်းသားတွေ
ကို ဆက်ပြီး ဖမ်းဆီးထားမယ်ဆိုရင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာလည်း
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု မဖြစ်နိုင်ပါဘူး။”
မစ္စတာကင်တားနားဟာ
မြန်မာနိုင်ငံခရီးစဉ်အတွင်း NLD ခေါင်းဆောင်တွေ၊ နိုင်ငံရေး
အကျဉ်းသားတွေအပြင် မြန်မာစစ်အစိုးရက
ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်သွယ်ဖို့
တာဝန်ပေးအပ်ခြင်းခံထားရတဲ့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်၊
တရားသူကြီး
ချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ်၊ နောက် ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို
တွေ့ဆုံခဲ့ပါ
တယ်။ စစ်အစိုးရကဖွဲ့စည်းထား တဲ့ လူ့အခွင့်အရေးကော်မတီနဲ့လည်း မစ္စတာ
ကင်တားနား
တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေကို လူ့အခွင့်အရေး
ကို လေးစားလိုက်နာတဲ့
နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်တဲ့
အကြောင်း မစ္စတာကင်တားနားက
အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။
သူ့ရဲ့ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်းကိုလည်း
မစ္စတာကင်တားနားက
ပြောဆိုခဲ့ပါတယ်။