မြန်မာစစ်အစိုးရက လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း မရှိသေးတဲ့အတွက် စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အကြောင်း မြန်မာနိုင်ငံက ပြန်လည်ရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးရား ကင်တားနာ (Tomas Ojea Qunitana) က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပေးတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့လည်း ပြောဆိုပါတယ်။