မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရန်ကုန်မြို့မှာ မကြာခဏ ဖြစ်ပွားတဲ့ မီးလောင်ကျွမ်းမှုတွေဟာ လျပ်စစ်မီးမကြာ ခဏပျက်တဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဖယောင်းတိုင်းမီးတွေနဲ့ မီးသွေးမီးဖိုတွေ အသုံးပြုရတဲ့အတွက် မတော်မဆ မီးလောင်ကျွမ်းမှုတွေ ပိုများလာတာလို့ ပြောပါတယ်။ တချိန်တည်းမှာ မီးလောင်ကျွမ်းမှုတွေဟာ သွေးရိုးသားရိုး လောင်တာမှ ဟုတ်ပါ့မလားဆိုပြီး စိုးရိမ်မှုနဲ့ သံသယ ဖြစ်တာတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို မနော်ရှိုးက တင်ပြထားပါတယ်။