သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် အာဏာအလွဲသုံးစားမှု ကျုးလွန်ကြောင်း တရားရုံးချုပ်ဆုံးဖြတ်


ရာထူးကဖြုတ်ချခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှီနဝဒ် ဟာ တိုင်းပြည်ကို သူ တာဝန်ယူထားတုန်းက သူ့အကျိုးစီးပွားအတွက် ရာထူးနဲ့လုပ်ပိုင်ခွင့်တွေကို အသုံးချခဲ့ကြောင်းနဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေဟာ မသမာတဲ့နည်းရခဲ့တာလို့ ထိုင်းတရားရုံးချုပ်က ဆုံးဖြတ်ချက် ချလိုက်တဲ့အကြောင်း ဒီကနေ့ထုတ် ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အစိုးရက သိမ်းယူဖို့ ချမှတ်မယ့် ဆုံးဖြတ်ချက်ပါ ထိုင်းဘတ်ငွေ သန်းပေါင်း ၄၆,၀၀၀ ဟာ မစ္စတာ တက်ခ်ဆင် ပိုင်တဲ့ ရှင်း ကုမ္ပဏီပိုင် ဆက်သွယ်ရေး လုပ်ငန်းတွေကို စင်္ကာပူကုမ္ပဏီ Tamasek ဆီ ရောင်းချရာကနေ ရရှိတဲ့ငွေတွေဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။

မစ္စတာတက်ခ်ဆင်ဟာ သူ ရာထူးလက်ကိုင်ရှိနေစဉ်က အခွန်ရှောင်ဖို့် သူ့ရဲ့ကုမ္ပဏီက အစုရှယ်ယာတွေကို မိသားစုဝင်တွေရဲ့ နံမည်နဲ့ လွဲှပြောင်းထားပေးခဲ့ကြောင်းနဲ့ ပုဂ္ဂလိကအကျိုးစီးပွားကို ကာကွယ်ဖို့ အစိုးရရဲ့ မူဝါဒတွေကိုလည်း အသုံးပြုခဲ့ကြောင်း အစိုးရရှေ့နေတွေရဲ့ လျှောက်လဲချက်မှာ ပါဝင်ပါတယ်။

မစ္စတာတက်ခ်ဆင် ဝန်ကြီးချုပ်တာဝန်ယူထားစဉ်တုန်းက ထိုင်းဘတ်ငွေ သန်းပေါင်း ၃,၀၀၀ ကနေ ၄,၀၀၀ အထိ ချေးငွေတွေ တိုးပေးဖို့ မြန်မာဘက်က တောင်းဆိုတာကို လိုက်လျောခဲ့တာကလည်း မစ္စတာတက်ဆင် ပိုင်ဆိုင်တဲ့ ရှင်း ကော်ပိုရေးရှင်းနဲ့ ထိုင်းကွန် ကုမ္ပဏီတို့ အကျိုးစီးပွားအတွက် ရည်ရွယ်ခဲ့တာလို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

အစိုးရရှေ့နေတွေရဲ့ စွဲချက်တွေကို မစ္စတာတက်ခ်ဆင်က ငြင်းဆိုလိုက်ပြီးတော့ သူ့ရဲ့ပိုင်ဆိုင်မှုတွေ အားလုံးဟာ သူတို့မိသားစုရဲ့ ကိုယ်စွမ်းဉာဏ်စနဲ့ ကြိုးစားအားထုတ်ပြီးတော့ ရခဲ့တာလို့ သူ့ရဲ့ အင်တာနက် ဝက်ဆိုဘ်ကနေ ခုခံပြောဆိုပါတယ်။ တကယ်လို့ သူ့ကိုချမှတ်လိုက်တဲ့ ပြစ်ဒဏ်က ကြီးလေးမယ်ဆိုရင် ဆူပူအကြမ်းဖက်မှုတွေနဲ့ တိုင်းပြည်မငြိမ်မသက်ဖြစ်လာမှာကို ထိုင်းအာဏာပိုင်တွေက စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG