သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု အယူခံပြင်ဆင်မှု လျှောက်လဲချက် ပယ်ချခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် နေအိမ်အကျယ်ချုပ် ချမှတ်ထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ အကျိုးဆောင် ရှေ့နေတွေဘက်က တင်သွင်းခဲ့တဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားချက်ကို ဒီကနေ့မှာ ဗဟိုတရားရုံးက ပယ်ချလိုက်ပါတယ်။ ဘာကြောင့် အခုလို ပယ်ချခဲ့တာလဲဆိုတာကို ဗဟိုတရားရုံးက ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြစ်မှုတစုံတရာ ကျူးလွန်မှုမရှိကြောင်းနဲ့ ဒီအမှုအတွက် အထူး အယူခံတင်သွင်းဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

XS
SM
MD
LG