သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစိဖိတ်ကမ်းနိုင်ငံ အားလုံး ဆူနာမီ သတိပေးချက် ရုပ်သိမ်း


ချီလီနိုင်ငံ ငလျင်ကြောင့် ပစိဖိတ် သမုဒ္ဒရာ ပင်လယ်ကမ်းခြေတကြော ဖြစ်ပေါ်လာနိုင်တဲ့ ဆူနာမီ ဒီရေလှိုင်း သတိပေး နှိုးဆော်ချက်ကို ဟာဝိုင်ယီကျွန်းမှာ ရုပ်သိမ်းလိုက်ပါပြီ။

ပြင်းအား ၈.၈ ရှိတဲ့ ချီလီနိုင်ငံ ငလျင်ကြောင့် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေတကြော ဂျပန်နဲ့ ရုရှားနိုင်ငံ အပါအဝင် ကမ်းခြေတွေမှာ ၃ ပေအထိ ဒီရေလှိုင်းလုံးကြီးတွေ ရိုက်ခတ်နိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရေလှိုင်းက ခန့်မှန်းထားတာထက် အများကြီး အားပျော့သွားတာ တွေ့ရပါတယ်။

ဖိလစ်ပိုင်နဲ့ နယူးဇီလန်နိုင်ငံ အပါအဝင် ပစိဖိတ် သမုဒ္ဒရာ ကမ်းခြေတကြော နိုင်ငံတွေက လူထုကို ဘေးလွတ်ရာကို ယာယီ ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။ အထိအခိုက်၊ အပျက်အစီး၊ အသေအပျောက် သတင်းတော့ မကြားသိရသေးပါဘူး။

ဒါပေမဲ့ ငလျင် ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ချီလီနိုင်ငံမှာတော့ ဆူနာမီ ဒီရေလှိုင်းကြောင့် အနည်းဆုံး ၅ ဦး သေဆုံးပြီး ချီလီနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ရော်ဘင်ဆင် ခရူးဆိုး ကျွန်းမှာတော့ ၁၁ ယောက် ပျောက်ဆုံးနေတယ်လို့ ကြားသိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG