ရန်ကုန်မြို့ သိမ်ကြီးဈေး D ရုံတွင်းမှာရှိတဲ့ မင်္ဂလာ အဆင့်မြင့်ရုပ်ရှင်ရုံတွင်းမှာ ဒီနေ့ ညနေပိုင်း ၆ နာရီကနေ ၆ နာရီခွဲလောက်အထိ နာရီဝက်နီးပါး မီးလောင်မှုတခု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဟာ စားသောက်ဆိုင် တခုကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လျှပ်စစ်မီး ပြတ်နေတဲ့အတွက် တခြား လောင်စာတွေကို အသုံးပြုရာက စတင် မီးလောင်ခဲ့တာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန် မီးသတ်သမားတွေက တခြားနေရာတွေကို မပြန့်ခင် အမြန် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ပြောကြသလို အခုအချိန်ထိ အပျက်အစီး၊ အဆုံးအရှုံး ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ခန့်မှန်းလို့ မရသေးဘူးလို့လည်း ပြောပါတယ်။
သိမ်ကြီးဈေး D ရုံဟာ ရွှေတိဂုံဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ရှိပြီး အဲဒီမှာ မင်္ဂလာ အဆင့်မြင့် ရုပ်ရှင်ရုံ၊ စားသောက်ဆိုင်ခန်းတွေ၊ အဝတ်အထည်တွေနဲ့ အခြား ကုန်ပစ္စည်းတွေ ရောင်းချတဲ့ ဈေးရုံကြီး ဖြစ်ပါတယ်။