သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု ပယ်ချတာကြောင့် ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်


မြန်မာနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူ အားလုံးကို မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်ပေးဖို့ EU ဥရောပသမဂ္ဂက ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူတို့အဆို တရားမမျှတတဲ့ ပြစ်ဒဏ်ချမှုအတွက် ပြင်ဆင်မှု လျှောက်ထားချက်ကို တရားရုံးချုပ်က ပယ်ချခဲ့တဲ့အပေါ် EU က မတ်လ ၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည် တည်ငြိမ်ရေးအတွက် အရေးပေါ် လိုအပ်နေတဲ့ အစိုးရနဲ့ အတိုက်အခံတွေကြား အာလုံးပါဝင်နိုင်မယ့် တွေ့ဆုံဆွေးနွေးရေး အလားအလာကို ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ပြင်ဆင်မှု လျှောက်ထားချက်ကို ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်က ထိခိုက်စေတယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က နောက်ဆုံး အယူခံတင်တဲ့အခါ မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒီအခြေအနေတွေကို ပြောင်းလဲအောင်လုပ်လို့ ရပါသေးကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအတွက် ဒီအခွင့်အရေးကို စစ်အာဏာပိုင်တွေက လက်လွတ်မခံဖို့ EU အဆင့်မြင့် ကိုယ်စားလှယ်က အလေးအနက် ပန်ကြားတယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG