အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ လက်တင်အမေရိက ၆ နိုင်ငံ ခရီးစဉ်မှာ တတိယ ခရီးတထောက်အဖြစ် ချီလီနိုင်ငံကို ရောက်ရှိသွားပါပြီ။
စန်တီယာဂိုမြို့မှာ အင်္ဂါနေ့က ရောက်ရှိနေစဉ်အတွင်း မစ်စ် ကလင်တန်ဟာ အရေးပေါ် ဆက်သွယ်ရေး ပစ္စည်းတွေကို ပေးမှာဖြစ်သလို ချီလီသမ္မတ မစ်ရှဲလ် ဘာချီလက် (Michelle Bachelet)၊ သမ္မတအသစ်အဖြစ် အရွေးခံရသူ စီဘက်စ်ရှန် ပင်နားရား (Sebastian Pinera) တို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
တနင်္လာနေ့တုန်းကတော့ မစ်စ် ကလင်တန်ဟာ အာဂျင်တီးနား သမ္မတ ခရစ်စ်တီးနား ဖာနန်ဒက် ဒီ ကာ့ခ်ျနား (Cristina Fernandez de Kirchner) နဲ့ ဗျူနိုအေရိစ်မှာ ဆွေးနွေးခဲ့ပါတယ်။ ဖောက်ကလန်ကျွန်း ရေနံရှာဖွေရေးနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံနဲ့ အငြင်းပွားနေတာကို ကြားဝင် ဖျန်ဖြေပေးဖို့ အာဂျင်တီးနား သမ္မတက ကလင်တန်ကို အကူအညီ တောင်းခဲ့ပါတယ်။
အာဂျင်တီးနားကို မရောက်မီ ဥရုဂွေးနိုင်ငံနဲ့ သူမရဲ့ ခရီးစဉ်ကို စခဲ့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဘရာဇီးကို သွားပြီး အီရန်အပေါ် ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူရေးအသစ် ချမှတ်ရာမှာ ထောက်ခံဖို့ သမ္မတ လူးဝစ်ဇ် အင်နားစီယို လူလာ ဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) ကို တိုက်တွန်းမှာ ဖြစ်ပါတယ်။
အမေရိကန်ကို ပြန်မလာမီမှာ ကော့စတာရီကာနဲ့ ဂွာတီမာလာ နိုင်ငံတွေကိုလည်း ၀င်ရောက်ဖို့ ရှိပါတယ်။