ဒီကနေ့ခေတ် စီးပွားရေး လုပ်ငန်းတွေမှာ အာမခံချက်ရှိစေဖို့အတွက် တချိန်က စက်မှုတော်လှန်ရေးလို စီးပွားရေးအရ အပြောင်းအလဲတွေ လုပ်သွားဖို့လိုနေပြီလို့ ကျွမ်းကျင်သူတွေက ပြောဆိုလာကြပါတယ်။ ကမ္ဘာပေါ်က သဘာဝပတ်ဝန်းကျင် တွေကို ထိန်းသိမ်းသွားဖို့ လူသားတွေ အနေနဲ့ မဖြစ်မနေ လုပ်ဆောင်သွားဖို့ လိုတဲ့အကြောင်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် စီးပွားရေး လုပ်ငန်းဆိုတာက ဘာတွေလဲ၊ ဘယ်အတိုင်းအတာအထိရော ဆောင်ရွက်နေကြပြီလဲ ဆိုတာတွေကိုတော့ ဗွီအိုအေသတင်းထောက် Solenn Honorine အင်ဒိုနီးရှားနိုင်ငံကနေ သတင်းပေးပို့ ထားတာကို ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။