သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာအတုလုပ်ဖို့ ကြံစည်မှုနဲ့ ကင်မရွန်း ဘောလုံးသမား ၂ ဦး ထောင်ချခံရ


မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကင်မရွန်းနိုင်ငံသား ၂ ယောက်ကို အမေရိကန်ဒေါ်လာ အတုလုပ်ဆောင်တဲ့ ပစ္စည်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဒီတပတ်ထဲမှာပဲ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။ မကြာသေးခင်က သူတို့ကို ရုံးတင်စစ်ဆေးခဲ့အပြီး သူတို့ ၂ ဦးအပေါ် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့တော့ စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အခု ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ ကင်မရွန်းနိုင်ငံသား ၂ ဦးကို အမေရိကန်ဒေါ်လာ အတုလုပ်ဆောင်တဲ့ ပစ္စည်းတွေနဲ့ အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန် လမ်းမတော်မြို့နယ် ရဲစခန်းကနေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် အခုနောက်ဆုံး အမြင့်ဆုံး ထောင်ဒဏ် ၉ နှစ်အထိ ချမှတ်လိုက်တာဖြစ်ပါတယ်။

သူတို့ ၂ ဦးစလုံးကို ပုဒ်မ (၄၈၉/က) နဲ့ ထောင်ဒဏ် ၇ နှစ်ဆီ အသီးသီး အပြစ်ပေး အရေးယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ၂ ဦးထဲက တဦးဟာ လမ်းမတော်ရဲစခန်းကနေ ပြင်သစ်သံရုံးကို ၀င်ပြေးခဲ့တာကြောင့် ထွက်ပြေးဖို့ ကြံစည်မှုနဲ့ ထောင်ဒဏ် ၂ နှစ် သူ့ကို သီးသန့်ထပ်ပြီး အပြစ်ပေး အရေးယူခဲ့တယ်ဆိုတဲ့အကြောင်း လမ်းမတော်မြို့နယ် ရဲစခန်းတာဝန်ခံတဦး က ပြောပြပါတယ်။

"သူတို့က ဒေါ်လာအတုလုပ်တဲ့ပစ္စည်းတွေနဲ့ မိတာလေ။ ဒေါ်လာ အတု လုပ်မယ်ဆိုပြီးတော့ လိမ်လည်တာပေါ့။ ပုဒ်မ (၄၈၉/က) နဲ့ စွဲတယ်။ ဆိုတော့ ထောင်ဒဏ် ၇ နှစ်အထိ ကျတယ်။ နောက်တယောက်က ပြေးဖို့ကြိုးစားတဲ့အတွက် ၉ နှစ်၊ ပြေးတာ တရားခံပြေးနဲ့စွဲတာ။ သူတို့နှစ်ယောက်က မတူဘူး။"

အခု ထောင်ဒဏ်တွေ အသီးသီးတွေ ချမှတ်ခံခဲ့ရတဲ့ ကင်မရွန်းနိုင်ငံသား ၂ ဦးဟာ အခုနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံကို အလည်လာရောက်တဲ့ ဗီဇာနဲ့ ၀င်လာသူတွေ ဖြစ်ပြီးတော့ ဗိုလ်ချုပ်လမ်းနဲ့ ၀ါးတန်းလမ်းထောင့်မှာရှိတဲ့ MGM ဟော်တည်မှာ တည်းခိုနေတာဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းဘောလုံး ကလပ်တွေမှာ ကြေးစားသမားအဖြစ် ဘောလုံးကစားဖို့လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘောလုံးကလပ်တွေနဲ့ ညှိမရတာကြောင့် ဒေါ်လာငွေ အတုတွေ လုပ်ပေးနိုင်တယ် ဆိုပြီး ဈေးကွက်ရှာရင်း အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အဲဒီရဲစခန်းတာဝန်ခံက ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG