သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဝိုင်းဝန်ကြိုးပမ်းကြဖို့ ကုလ တိုက်တွန်း


လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၁၉၇၅ ခုနှစ်ကစလို့ မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများနေ့လို့ ကမ္ဘာ့ကုလသမဂ္ဂ က သတ်မှတ်ခဲ့ပြီးတော့ နှစ်စဉ်အမျိုးသမီးများနေ့ အခမ်းအနားတွေကို ကျင်းပလာခဲ့တာပါ။ ဒီနှစ်မှာလည်း မတ်လ ၈ ရက်နေ့ နီးလာပြီဖြစ်တာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ကမ္ဘာတဝန်းမှာ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဆက်ခံနေရတုန်းပဲဖြစ်တယ်ဆိုတာကို မကြာခင်တုန်းကပဲ အသိအမှတ်ပြု ပြောဆိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရော အမျိုးသမီးတွေအပေါ် ဘယ်လိုများ ဆက်ဆံမှုတွေ ရှိပါသလဲ? နိုင့်ထက်စီးနင်းအကြမ်းဖက်မှုတွေ ရှိနေပါသလားဆိုတာတွေကို အခုသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG