သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသား ၂၁ ဦးပါ ကုန်တင်သင်္ဘော ပြန်ပေးဆွဲခံရ


မဒါဂတ်စတား ကမ်းရိုးတန်းမှာ နော်ဝေနိုင်ငံပိုင် ဓာတုဗေဒပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းနဲ့ ရေယာဉ် ပေါ် ပါလာတဲ့ မြန်မာသင်္ဘောသားတွေကို ပင်လယ် ဓားပြတွေက ပြန်ပေးဆွဲသွားတယ်လို့ ဥရောပသမဂ္ဂ ရေကြောင်း ဌာနက စနေနေ့က အတည်ပြု ပြောကြားသွားပါတယ်။

ပင်လယ်ဓားပြတွေဟာ UBT Ocean လို့ခေါ်တဲ့သင်္ဘောနဲ့ သင်္ဘောပေါ်က မြန်မာသင်္ဘောသား ၂၁ ယောက်ကို သောကြာနေ့က ပြန်ပေးဆွဲသွားတာဖြစ်တယ်လို့ ဥရောပ သမဂ္ဂက ပြောပါတယ်။ သင်္ဘောဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ တန်ဇန်နီးယားနိုင်ငံကို ဦးတည်ခုတ်မောင်းနေတုန်းမှာ ပြန်ပေးဆွဲ ခံခဲ့ရတာပါ။

သင်္ဘောဟာ အခု ပင်လယ်ဓားပြတွေ ကျက်စားရာနေရာဖြစ်တဲ့ ဆိုမားလီယာ နိုင်ငံဘက်ကို ဦးတည်ခုတ်မောင်း သွားနေတယ် လို့ သိရပါတယ်။ သင်္ဘောသားတွေ အန္တရာယ်ပြုခံရသလား၊ ဒါမမဟုတ်ရင်လည်း သင်္ဘောကိုပြန်ရွေးဖို့ ငွေတောင်း မတောင်းဆိုတာတွေ မသိရသေးပါဘူး။

ဆိုမားလီယာ ပင်လယ်ဓားပြတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ သင်္ဘောတွေကို ပြန်ပေးဆွဲ၊ ပြန်ရွေးငွေတောင်းပြီး ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတာဖြစ်ပါတယ်။ အခုဆိုရင် ပင်လယ်ဓားပြတွေက သင်္ဘောအနည်းဆုံး ၆ စင်းနဲ့ သင်္ဘောသား ၁၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG