သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာ ဆုပေးပွဲ စတင်နေပြီ


ရုပ်ရှင်လောကအတွက် အထင်ကရ ဆုပေးပွဲကြီးဖြစ်တဲ့ အော်စ်ကာ (Oscar) ဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့စ် အိန်ဂျလိစ် (Los Angeles) မြို့မှာ မကြာခင် နာရီပိုင်း အတွင်းမှာပဲ စတင်တော့မှာ ဖြစ်ပါတယ်။

စိတ်ကူးယဉ်သိပ္ပံကား Avatar နဲ့ အီရတ်စစ်ပွဲအကြောင်း ရိုက်ထားတဲ့ The Hurt Locker ကားတွေထဲက အော်စ်ကာဆုတွေ ရလိမ့်မယ်ဆိုတဲ့ ထင်ကြေးပေး ခန့်မှန်းမှုတွေ အများအပြား ထွက်ပေါ်နေပါတယ်။

ဒီ ၂ ကားလုံးမှာ အော်စ်ကာဆု ၉ ဆု လျာထားခံထားရပါတယ်။ အကောင်းဆုံး ဇာတ်ဆောင် မင်းသားဆု ရနိုင်တယ်လို့ ထင်ကြေးပေးခံထားရသူကတော့ Crazy Heart ဆိုတဲ့ကားမှာ သရုပ်ဆောင်သူ မင်းသား ဂျက်ဖ် ဘရစ်ဂျက်စ် (Jeff Bridges) ဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် တစ်ပြေးနေသူကတော့ The Blind Side ဆိုတဲ့ ကားထဲက မင်းသမီး စန်ဒရာ ဘူးလော့ခ် (Sandra Bullock) ဖြစ်ပါတယ်။

အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင်ကားအတွက် ဆုပေးဖို့ လျာထားခံရတဲ့အထဲမှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မှတ်တမ်းတင်ရုပ်ရှင် Burma VJ ပါဝင်ပါတယ်။ မြန်မာပြည်က ရွှေဝါရောင် လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ သံဃာတော် ဦးဂေါသိတနဲ့ ဦးပညာဇောတတို့လည်း ရုပ်ရှင်အဖွဲ့နဲ့အတူ အော်စ်ကာပွဲကို တက်ရောက်နေပါတယ်။ ဒါကြောင့်လည်း ဒီနှစ် အော်စ်ကာဆုပေးပွဲကို မြန်မာလူမျိုးတွေ အထူး စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG