သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မြန်မာအစိုးရ ကြေညာ


မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်တရပ် ဖွဲ့စည်းရာမှာ စစ်အစိုးရအနေနဲ့ ကော်မရှင် အဖွဲ့ဝင်တွေကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ထုတ် မြန်မာသတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်နေ့မှာ ကျင်းပမှာလဲ ဆိုတာကိုတော့ ထုတ်ဖော် ကြေညာခြင်း မရှိသေးဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းရေး ဥပဒေကို ဒီနေ့ ထုတ်ပြန် ကြေညာလိုက်တာပါ။ အနည်းဆုံး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၅ ဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မဲဆန္ဒနယ်မြေတွေ သတ်မှတ်တာ၊ မဲဆန္ဒရှင် စာရင်းတွေ ပြုစုတာ စတဲ့တာဝန်တွေ အပြင် နိုင်ငံရေးပါတီတွေ ဥပဒေဘောင်အတွင်းကနေ လှုပ်ရှားတာ ဟုတ်၊ မဟုတ်ကိုလည်း ကြီးကြပ် လမ်းညွှန်မှုပေးတဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း အဲဒီဥပဒေမှာ ထည့်သွင်းထားပါတယ်။

စစ်အစိုးရက ရွေးချယ်မယ့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် လူကြီးတွေဟာ စစ်အစိုးရနဲ့ ပုလဲနံပသင့်တဲ့၊ လူသိများတဲ့၊ အသက် ၅၀ ပြည့်ပြီး သိက္ခာသမာဓိရှိသူ၊ အတွေ့အကြုံ ရင့်ကျက်သူ၊ နိုင်ငံတော်နဲ့ နိုင်ငံသားများ အားလုံးကို သစ္စာသိသူ၊ နိုင်ငံရေးပါတီဝင် မဟုတ်သူ၊ လက်ရှိ အလုပ်အကိုင် မရှိသူ ဖြစ်ရမယ်လို့ စစ်အစိုးရရဲ့ ဥပဒေအမှတ် ၁/၂၀၁၀ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG