သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့ ယာယီ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာများအရေး စိုးရိမ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာ မွတ်ဆလင်တွေဟာ အစာရေစာ ရှားပါး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ တဖွဲ့က ပြောဆိုလိုက်ပါတယ်။

မှတ်ပုံတင်ထားခြင်းမရှိတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် နေထိုင်ရာ စခန်းတွေဟာ ‘လဟာပြင် အကျဉ်းထောင်’ တွေပါပဲလို့ ဒီနေ့ထုတ်တဲ့ Physicians for Human Rights လူ့အခွင့်အရေးအတွက် ဆရာဝန်များဆိုတဲ့ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရက လူမှုရေး အကူအညီပေးတဲ့ အဖွဲ့တွေကို ဒုက္ခသည်စခန်းတွေဆီ သွားခွင့်မပြုတဲ့အတွက် အခုလို စားရေရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံနေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်ပေါင်း ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ အထိ ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ အဲဒီထဲက ၂၈,၀၀၀ ကိုပဲ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မှတ်ပုံတင်ပေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေအပေါ် မတရား ဖမ်းဆီးတာတွေ၊ ဒုက္ခသည်တွေကို စခန်းတွေထဲမှာ မတန်တဆ ကျပ်သိပ်ထည့်ထားတာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ အဓမ္မနှင်ထုတ်တာတွေ အခုတလော မကြာခဏဆိုသလို လုပ်နေတာ တွေ့ရတယ်လို့ Physicians for Human Rights အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မတရား ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ငြင်းဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG