သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒု-သမ္မတ ဂျိုး ဘိုင်ဒန် အစ္စရေး လုံခြုံရေးအတွက် ကတိပေး


အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို သွယ်ဝိုက်တဲ့ နည်းတွေနဲ့ ပြန်လည်စတင်ကြဖို့ သဘောတူလိုက်တာဟာ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်း ပွင့်စေတယ်လို့ အမေရိကန် ပြည်ထောင်စု ဒု-သမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) က ပြောဆိုလိုက်ပါတယ်။

ဒု-သမ္မတ ဂျိုး ဘိုင်ဒန်ဟာ ဒီနေ့ အစ္စရေး သမ္မတ ရှီမွန် ပီရက်စ် (Shimon Peres) တွေ့မှာ ဖြစ်ပါတယ်။

မနှစ်က သမ္မတ အိုဘားမား (Obama) တာဝန်ယူပြီးချိန်က စပြီး အမေရိကန် တာဝန်ရှိသူတွေထဲက အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တဦး အနေနဲ့ အစ္စရေးနဲ့ အနောက်ဘက်ကမ်းခြေ ဒေသကို မစ္စတာဘိုင်ဒန် ပထမဆုံးအကြိမ် ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒု-သမ္မတ ဘိုင်ဒန်ဟာ ဒီနေ့ညနေပိုင်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု (Benjamin Netanyahu) နဲ့ တွေ့ဆုံပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ရာမာလာမြို့ကို သွားပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ် (Mahmoud Abbas) နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းအကြား သွယ်ဝိုက်တဲ့ သံတမန်ရေး နည်းလမ်းကတဆင့် နှစ်ဘက် တိုက်ရိုက်စေ့စပ် ပြောဆိုနိုင်မယ့် အဆင့်အထိ အမြန်ဆုံးနဲ့ အဖြစ်နိုင်ဆုံး ဦးတည်သွားစေနိုင်တယ်လို့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျော့ချ် မစ်ချဲလ် (George Mitchell) က မျှော်လင့်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG