သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယပါလီမန် အမျိုးသမီးများအတွက် သီးခြားနေရာ သတ်မှတ်


အိန္ဒိယ လွှတ်တော်အမတ်နေရာ ၃ ပုံ ၁ ပုံကို အမျိုးသမီး အမတ်တွေအတွက် နေရာပေးရမယ့် သမိုင်းဝင် ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

အင်္ဂါနေ့က အထက်လွှတ်တော်အမတ် ၂၄၅ ယောက်မှာ ၁၈၆ ယောက်က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ကန့်ကွက်မဲကို အမတ်တယောက်ထဲက ပေးပြီး ကျန်တဲ့အမတ်တွေက မဲမပေးဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

အထက်လွှတ်တော်မှာ အတည်ဖြစ်သွားတဲ့ ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာ ဆက်ပြီး အတည်ပြုရမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုပေးလိုက်တာဟာ အမျိုးသမီးတွေရဲ့ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်တွေ မြှင့်တင်ရေး ခရီးရှည်ကြီးအတွက် သမိုင်းဝင်ခြေလှမ်း ဖြစ်တယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) က ပြောပါတယ်။

အမျိုးသမီး အမတ်များ နေရာပေးရေး ဥပဒေကို ဝန်ကြီးချုပ်က လွှတ်တော်မှာ တနင်္လာနေ့က တင်ပြခဲ့တာ ဖြစ်ပေမဲ့ အငြင်းအခုန် ဖြစ်ကြပြီး မဲခွဲဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။ အမျိုးသမီး အမတ်နေရာ ခွဲတမ်းမှာ လူနည်းစုတွေ၊ ဇာတ်နိမ့်တွေအတွက် သတ်သတ်ခွဲသင့်တယ်လို့ ဝေဖန်သူတွေက ထောက်ပြ ကန့်ကွက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG