မြန်မာစစ်အစိုးရက လောလောဆယ် ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အခက်အခဲဖြစ်စေနိုင်တာတွေ ရှိပေမယ့် ပါတီအနေနဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်စရာ နည်းလမ်းတွေ တွေ့နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ပါတီ ဒု-ဥက္ကဌ ဦးတင်ဦးက ဗွီအိုအေ ကို ပြောဆိုပါတယ်။ နိုင်ငံရေးပါတီ ဖွဲ့စည်းရာမှာ ထောင်ဒဏ် ကျခံနေရသူတွေကို ပါတီဝင်အဖြစ် မစည်းရုံးရဘူးဆိုတဲ့ အချက်မှာ ဒေါ်အောင်ဆန်းစုကြည် အကျုံးဝင်နေတယ်ဆိုတဲ့ အချက်ကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရဖြစ်သူ ဦးဥာဏ်ဝင်းက ရှင်းလင်းပြောဆိုပါတယ်။ အန်အယ်လ်ဒီ အနေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မကြာခင် ချရလိမ့်မယ်လို့လည်း သူက ပြောဆိုပါတယ်။ အသေးစိတ် အကြောင်းစုံကို မညိုညိုလွင်က တင်ပြထားပါတယ်။