သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဥပဒေ အမေရိကန် စိတ်ပျက်


မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်မိသလို စိတ်မကောင်းလည်း ဖြစ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ပြောဆိုပါတယ်။

အာရှခရီးစဉ်အတွင်း မလေးရှားနိုင်ငံကိုရောက်နေတဲ့အချိန် မတ်လ (၁၀) ရက်နေ့မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုရင်း တချိန်တည်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်ခွင့်ပေးတာကို တွေ့မြင်လိုတဲ့အကြောင်း ပြောဆိုသွားတာပါ။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်အရ ဥပဒေတွေစထုတ်ပြန်တဲ့ အခြေအနေ အားလုံးကို ကျနော်တို့ ကြည့်နေပါတယ်။ ငါးခုထဲက ပထမ ထွက်လာတဲ့ ဥပဒေတွေကို ကြည့်ရင် ကျနော်တို့အနေနဲ့ စိတ်ပျက်မိသလို စိတ်မကောင်းဖြစ်မိတယ်လို့ပဲ ပြောရပါလိမ့်မယ်။ ရွေးကောက်ပွဲ မကျင်းပခင် ပြည်တွင်းမှာ တွေ့ဆုံဆွေးနွေးရေးတွေ စစ်အစိုးရဘက်က စလုပ်တာကို ကျနော်တို့က မြင်ချင်တာပါ။ ရှင်းရှင်းပြောရရင် ဒီလို တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့ လိုအပ်နေဆဲပဲလို့ ကျနော်တို့ဘက်ကတော့ မြင်ပါတယ်။ အသေးစိတ် အကြောင်းစုံကို မညိုညိုလွင်က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG