သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မြန်မာ့စီးပွားရေး


မြန်မာနိုင်ငံသားတွေ အပါအဝင် သန်းနဲ့ချီတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်မှတ်ပုံတင်ဖို့ သတ်မှတ် ထားတဲ့ရက် ကုန်ဆုံးသွားပေမဲ့ စာရင်းသွင်း လာကြသူတွေကတော့ မျှော်လင့်သလောက် ပါဝင်မလာကြပါဘူး။ ဒီအထဲက အများစု ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့၊ သူတို့ရောက်နေတဲ့ ထိုင်းနိုင်ငံ အတွက်သာမက စီးပွားရေး နိမ့်ကျနေတဲ့ ကိုယ့်တိုင်းပြည်က မိသားစုတွေအတွက်လည်း တဖက်တလမ်းက ဝင်ငွေရှာပေးနေကြတာမို့ အခုနောက်ဆုံး အခြေအနေတွေက စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာမှာကိုလည်း လူ့အခွင့်အရေး၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက စိုးရိမ်မကင်း ဖြစ်နေ ကြပါတယ်။ ဒီအကြောင်းတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG