မြန်မာစစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့အတွက် ဒီလို မတရားတဲ့ ဥပဒေကို ပြည်သူလူထုနဲ့ နိုင်ငံရေး အင်အားစုတွေ တညီတညွတ်တည်း အရေးယူ တုံ့ပြန်ဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ NLD ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦှးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က သဘောထားကို ပြန်လည် ပြောပြခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေဟာ ပုဂ္ဂိုလ်တဦးတယောက်ထည်းကို ရည်ရွယ်ရေးတယ်လို့ ထင်စရာ ရှိတဲ့အတွက် ဒီလို လူပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ရေးတယ်ဆိုရင် ရှက်ဖို့ကောင်းတဲ့အကြောင်း၊ ဒီကိစ္စဟာ မဖြစ်သင့်ဘဲ ဥပဒေရဲ့ သိက္ခာကျဆင်းစေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာကို ဦးဉာဏ်ဝင်းက ပြန်ပြောပြပါတယ်။ အသေးစိတ်ကို မညိုညိုလွင်က တင်ပြပါလိမ့်မယ်။