အရင်တုန်းက ၀က်ချေးတွေကို ဓါတ်မြေသြဇာအဖြစ်ပြောင်းလဲရုံသာ အသုံးပြုခဲ့ကြပေမဲ့ အခုနောက်ပိုင်းမှာ ၀က်ချေးကရတဲ့ မီသိန်းဓါတ်ငွေ့နဲ့ တပိုင်တနိုင် အစားထိုးလောင်စာထုတ်ပြီး သုံးစွဲလာကြတဲ့အပြင် ရောင်းချပြီး စီးပွါးဖြစ်လာနေကြတာတွေကို ထိုင်းနိုင်ငံမှာ ကိုယ်တိုင်လုပ်ကိုင်နေတဲ့ မွေးမြူရေးခြံလုပ်သားကြီး ကိုအောင်ကျော်ကိုမေးမြန်းတင်ပြထားပါတယ်။
ဒီအစားထိုးလောင်စာဟာ ကုန်ကျစားရိတ်သက်သာအောင် အထောက်အကူပေးတဲ့အပြင် ပတ်ဝန်းကျင်ကိုလည်းပိုပြီး သန့်ရှင်းစေပါတယ်။