အိန္ဒိယလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ အမတ်နေရာ ၃ ပုံ ၁ ပုံကို အမျိုးသမီးတွေအတွက်
လျာထားပေးမယ်ဆိုတဲ့ သမိုင်းဝင်ဥပဒေမူကြမ်းတရပ်ကို အထက်လွှတ်တော်က အင်္ဂါနေ့က အတည်ပြုပေးလိုက်ပါတယ်။
ဒါပေမဲ့ အခုလို အောင်မြင်မှု လမ်းစပျိုးလာတာဟာ အိန္ဒိယအမျိုးသမီးတွေအတွက် သမိုင်းတင်တဲ့
ထူးခြားမှုလို့ ဆိုကြပါတယ်။ ဒီအကြောင်းကို နယူးဒေလီမြို့ကနေ ဗွီအိုအေ သတင်းထောက် အန်ဂျနာ
ပတ်စရီချာ က သတင်းဆောင်းပါးပေးပို့ထားတာကို နောက်ခံထားပြီးတော့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့
နိုင်ငံရေးဖော်ဆောင်မှုမှာတော့ လောလောဆယ် ထုတ်ပြန်တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ အမျိုးသမီးတွေပါဝင်နိုင်မှု
အခန်းကဏ္ဍအကြောင်း စုံစမ်းမေးမြန်းပြီး ဒီသီတင်းပတ်ရဲ့အမျိုးသမီးများ ကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။