၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဥပဒေတွေကို မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်ပါပြီ။ ဒီဥပဒေတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ထားရှိနှင့်ပြီးသားဖြစ်နေတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ သဘောထားတွေအပေါ် အပြောင်းအလဲ တစုံတရာ ဖြစ်လာစေနိုင်လိမ့်မယ်လို့ ထင်ကြပါသလား ဆိုတာကို ဆွေးနွေးဖို့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနု၊ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။