သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော် ဖျက်သိမ်းပေးရေး တောင်းဆိုချက် ထိုင်းဝန်ကြီးချုပ် ပယ်ချ


အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ထိုင်းလွှတ်တော် ဖျက်သိမ်းပေးဖို့ တောင်းဆိုနေတာတွေကို အစိုးရက လိုက်လျောမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) က ပြောဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို မလိုက်လျောဘူးဆိုတဲ့ အချက်ကို ထိုင်း ညွန့်ပေါင်းအစိုးရက သဘောတူလိုက်တဲ့အကြောင်း ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီဝက ဒီနေ့ ရုပ်မြင်သံကြားကနေ လူထုကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မနေ့ကစပြီး စုဝေးခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ဒီနေ့ ထိုင်းဝန်ကြီးချုပ် ယာယီ ရုံးစိုက်ရာ စစ်တပ်ရှေ့မှာ ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီဝရဲ့ မိန့်ခွန်းအပြီးမှာတော့ ဆန္ဒပြသူတချို့ ပြန်လှည့်သွားခဲ့ကြပါတယ်။

ဘန်ကောက်မြို့က သီးခြား စစ်တပ်ဝင်းနှစ်ခုမှာ လက်ပစ်ဗုံး ၄ လုံး ပေါက်ကွဲခဲ့လို့ စစ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ မသိရသေးပါဘူး။

ဆန္ဒပြပွဲတွေနဲ့ ဒီပေါက်ကွဲမှုတွေ ဆက်နွယ်မှု ရှိမရှိဆိုတာကို မသိရသေးဘူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG