သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်နေအိမ် ရှပ်နီ ဆန္ဒပြသူများ သွေးအိတ်တွေနဲ့ ပစ်ပေါက်


ထိုင်းနိုင်ငံမှာ လက်ရှိအစိုးရ နှုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပပေးရေး တောင်းဆိုချက် တစိတ်တပိုင်းအဖြစ် အနီရောင်ဝတ် အစိုးရ ဆန့်ကျင် ဆန္ဒပြနေကြသူတွေဟာ ဗုဒ္ဓဟူးနေ့က ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ရဲ့ နေအိမ်ရှေ့မှာ သွေးတွေနဲ့ ပက်ဖျန်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

မိုးတွေ သည်းသည်းထန်ထန် ရွာနေတဲ့ ကြားကပဲ ရဲတွေ ပိတ်ဆို့ထားတဲ့ အတားအဆီး အထပ်ထပ်ကို ကျော်ဖြတ်ပြီး ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့ လူကုံထံ ရပ်ကွက်ထဲက ၀န်ကြီးချုပ် အဘီဆစ်ရဲ့ နေအိမ်ရှိရာကို လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနောက် ထောင်ပေါင်းများစွာသော အနီရောင်ဝတ် ဆန္ဒပြသူတွေဟာ အမေရိကန် သံရုံးရှေ့ကိုလည်း သွားပြီး ဆန္ဒပြပါတယ်။

ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ချေ ရှိတယ်လို့ နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့အစည်းတွေရဲ့ သတိပေးချက်တွေ ရထားတယ်လို့ ဒုတိယ၀န်ကြီးချုပ် ပြောဆိုခဲ့တဲ့ မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

အင်္ဂါနေ့က အနီရောင်ဝတ် အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေက ဖောက်ထားတဲ့ လက်မောင်းသွေး လီတာ ၃၀၀ လောက်ကို ခရားထဲထည့်ပြီး ထိုင်းအစိုးရအဖွဲ့ ရုံးနဲ့ မစ္စတာ အဘီဆစ်ရဲ့ ဒီမိုကရက်တစ်ပါတီ ဌာနချုပ် ရုံးတွေရှေ့မှာလည်း ပက်ဖျန်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG