အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ Forbes မဂ္ဂဇင်းကြီးက ဒီနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ စာရင်းကို ပြီးခဲ့တဲ့ တပတ်ထဲမှာတုန်းကပဲ ထုတ်ပြန်လိုက်ပါတယ်။ ဒီအထဲမှာ ထူးထူးခြားခြား အဖြစ်နဲ့ အာရှတလွှားက ကုဋေကြွယ်သူဋ္ဌေးကြီးတွေ ပိုများလာတာကို တွေ့ရသလို၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေကလည်း အများအပြား ပါဝင်လာခဲ့ကြတာပါ။ တချိန်တည်းမှာပဲ ကုဋေကြွယ်သူဋ္ဌေးတွေရှိရာ ဒီနိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု ပြဿနာတွေ ကလည်း ရှိနေကြတာပါ။ ဒီအကြောင်းတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။