ပြည်ပရောက် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုအဖွဲ့တွေက ၂၀၁၀ ရွှေးကောက်ပွဲကို ဆန့်ကျင်တဲ့ global campaign ကမ္ဘာတ၀ှမ်း လှုပ်ရှားမှုတရပ်ကို ဒီကနေ့မှာ စတင်လိုက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြန်မာ သံရုံးရှေ့ကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြသူ လူ ၇၀ နီးပါးကို အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခံလိုက်ပြီး သူတို့ကို ဘာအမှုတွေနဲ့ တရားစွဲမယ်ဆိုတာ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး
တောင်းဆိုဆန္ဒပြကြတဲ့ ဒေလီရောက် ဒီမိုကရေစီအင်အားစုတွေ
ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အမျိုးသား ၅၃ ယောက်နဲ့
အမျိုးသမီး ၁၅ ယောက်ဟာ တင်မိုသီ ရဲစခန်းမှာ ထိန်းသိမ်းခံ
"ပျက်စီးတာကတော့ သံရုံးရဲ့ရှေ့မျက်နှာစာမှာရှိတဲ
အာဏာပိုင်တွေက သံရုံးမျက်နှာစာကို လူစုလူဝေးနဲ့
စုဝေးလို့မရတဲ့နေရာအဖြစ် သတ်မှ
အချုပ်ခန်းထဲမှာ ရှိနေတယ်ဆိုေ
"ကျန်မာရေးရော၊ စိတ်ပိုင်းဆိုင်ရာရော
အားလုံး ကောင်းကြားတယ်။ ဒီရဲစခန်းကိုရောက်လို့ စိတ်ပျက်ပြီး ကြောက်ရွံ့တဲ့ မျက်နှာမျိုး
လုံးဝမရှိ
အိန္ဒိယရောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေဟာ အရင်လည်း အခုလို ဖမ်းဆီးတရားစွဲဆို ခံရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ပြစ်မှုထင်ရှားလို့ အပြစ်ပေးခံရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ မူလက ဖမ်းဆီးခံရသူတွေထဲက ၂၆ ယောက်ကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်သူ တွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဆက်လက်ဖမ်းဆီးထားတဲ့သူတွေကိုတော့ တားမြစ်ထားတဲ့ နယ်မြေကို ကျူးကျော်ဝင်ရောက်မှုနဲ့ အရေးယူထားတယ်လို့လည်း ဆိုပါတယ်။