ကမ္ဘာ့လူဦးရေ တ၀က်နီးပါးရှိတဲ့ အမျိုးသမီးတွေဟာ သူတို့ခံစားပိုင်ခွင့်တွေ ငြင်းပယ်ခံကြရရင် တိုးတက်မှုတွေက ရေရှည်ခံမှာ မဟုတ်တဲ့အတွက် အမျိုးသမီးတွေ အနေနဲ့ တတ်နိုင်တဲ့ဘက်က ကြိုးပမ်းဆောင်ရွက်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန် က ၅၄ ကြိမ်မြောက် အမျိုးသမီးများ အခြေပြကော်မရှင် CSW ညီလာခံရဲ့ နောက်ဆုံးနေ့မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အကြောင်းစုံကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများ ကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။