သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ကမ်းလှမ်းချက် ဆန္ဒပြသူများ ပယ်ချ


ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိချာချီ၀ က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာကို အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ ခေါင်းဆောင် တွေက လက်မခံဘဲ ပယ်ချလိုက်ကြပါတယ်။ သူတို့တောင်းဆိုချက်တွေကို ဝန်ကြီးချုပ်က မလိုက်လျောမချင်း စေ့စပ် ဆွေးနွေးမှာ မဟုတ်ဘူးလို့ ရှပ်နီတွေလို့ ခေါ်နေကြတဲ့ ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်တွေက သောကြာနေ့မှာ ပြောလိုက် တာပါ။ ဝန်ကြီးချုပ်အနေနဲ့ လွှတ်တော်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးရမယ်လို့ သူတို့က တောင်းဆို နေတာပါ။

ဘန်ကောက်မြို့တော်မှာ ရှပ်နီတွေဆန္ဒပြနေတာ ၆ ရက်မြောက် ဆက်တိုက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ထပ် ဆန္ဒပြသူ တွေ ထပ်ပါလာအောင် ဆွဲဆောင်စည်းရုံးဖို့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ စနေနေ့မှာ မြို့တော်တလျှောက် ကားတန်းရှည်ကြီး လှည့်လည်မောင်းနှင်ဖို့ စီစဉ်နေကြပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘန်ကောက်မှာ ဆန္ဒပြသူ တသိန်းကျော် လာရောက်စုဝေးပြီးတဲ့နောက် အရေအတွက် အနည်းငယ် က သောကြာနေ့ထိ ရှိနေပါသေးတယ်။ ဆန္ဒပြသူအများစုဟာ ဆင်းရဲနွမ်းပါးတဲ့ ထိုင်းနိုင်ငံ ကျေးလက်ဒေသတွေကဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်ကို ထောက်ခံသူတွေ ဖြစ်ပါတယ်။ မစ္စတာတက်ဆင်ကို အကျင့်ပျက်ခြစားမှုတွေနဲ့ စွဲချက်တင်ပြီး ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်း ဖြုတ်ချခဲ့တာဖြစ်ပါတယ်။

ထိုင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့ နောက်သတင်းတပုဒ်ကတော့ ထိုင်းဘုရင်ရဲ့အကြောင်း ဆောင်းပါးတပုဒ် ရေးသားထားတာ ပါဝင်တဲ့ အခုတပတ်ထုတ် ကမ္ဘာကျော် THE ECONOMIC မဂ္ဂဇင်းကို ထိုင်းနိုင်ငံမှာ အခုတပတ် ဖြန့်ချိမှာမဟုတ်ပါဘူး။ ထိုင်းဘုရင်နဲ့ ပတ်သက်တဲ့ကိစ္စက တော်တော်လေး အထိအခိုက်မခံနိုင်တဲ့ကိစ္စဆိုတာက သဘာဝပဲလို့ အင်္ဂလန်အခြေစိုက် THE ECONOMIC မဂ္ဂဇင်းက မနေ့ကပဲ ပြောလိုက်ပါတယ်။

ဆောင်းပါးထဲမှာ လက်ရှိထိုင်းဘုရင်ကြီးနောက်ပိုင်း ဘယ်သူက နန်းမွေဆက်ခံမယ့်သူ ဘယ်သူဖြစ်မလဲ ဆိုတဲ့ကိစ္စနဲ့ အခု ထိုင်းမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုတွေ ဆက်စပ်မှုရှိမရှိဆိုတာတွေကို မေးမြန်းထားတာပါ။ ထိုင်းဘုရင်ကြီး ဘူမိဘောအက်ဘ်ဒူယဒတ်က အသက် (၈၂) နှစ်ရှိပြီး မကြာခင်တုန်းကပဲ ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG