သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ယာလန်ဘုန်းကြီးတွေ လုပ်ရပ်အတွက် ပုပ်ရဟန်းမင်း တောင်းပန်


ဘုန်းကြီးတွေက ကလေးတွေအပေါ် လိင်ကိစ္စ မတော်မတရားပြုခဲ့တာနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီး ဘင်န်နဲဒစ် (Benedict) က အိုင်ယာလန်နိုင်ငံက ကက်သလစ် ဘာသာဝင်တွေကို တောင်းပန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ပေးစာတစ်စောင်ကို ပုပ်ရဟန်းမင်းကြီးက ထုတ်ပြန်ရာမှာ ခုလို ပြောခဲ့တာပါ။

စနေနေ့ကထုတ်ပြန်ခဲ့ပြီး အဲဒီ ခုနစ်မျက်နှာရှိတဲ့စာထဲမှာ အိုင်ယာလန်နိုင်ငံက မျိုးဆက်ချီခဲ့တဲ့ ကက်သလစ်ဘာသာဝင်တွေ စိတ်ဒုက္ခနဲ့ အရှက်ခံစားခဲ့ရတာကို ပုပ်ရဟန်းမင်းကြီးက ဖော်ပြထားပါတယ်။ "ဘုန်းကြီး တကယ်ပဲ ဝမ်းနည်းပါတယ်" လို့ စာထဲမှာ ပုပ်ရဟန်းမင်းကြီးက ဆိုထားပါတယ်။

ခရစ်ယန်ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးတွေဟာ မတော်မတရားလုပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမှားတွေ လုပ်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ အိုင်ယာလန်မှာ ရှိတဲ့ ကက်သလစ်ဘုရားကျောင်းတွေကို တရားဝင်ဌာနချုပ်ကနေ စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ ကြေညာပါတယ်။

ပုပ်ရဟန်းမင်းကြီးက ဗာတီကန်ဌာနချုပ်မှာ တာဝန်ရှိကြောင်း ဝန်မခံခဲ့သလို မတော်မတရားလုပ်တဲ့ ဘုန်းကြီးတွေကို ဘယ်လို အပြစ်ပေးတယ်ဆိုတာကိုပါ တိတိကျကျ မဖော်ပြခဲ့တဲ့အတွက် မတော်မတရား အလုပ်ခံရသူတွေက စိတ်ပျက်ကြတဲ့အကြောင်း ပြောပါတယ်။

အိုင်ယာလန်နိုင်ငံမှာ နှစ်ပေါင်းများစွာ ကလေးတွေအပေါ် မတော်မတရားပြုခဲ့ပေမဲ့ ဘုရားကျောင်း အာဏာပိုင်တွေက ဖုံးကွယ်ထားကြတာကို တင်ပြထားတဲ့ တရားဝင် အစီရင်ခံစာ သုံးခုရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG