သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြပွဲတွေ ဆက်ဖြစ်ဆဲ၊ ညှိနှိုင်းမည့်အသံထွက်လာ


ထိုင်းနိုင်ငံမှာ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကိုပါဝင်အားဖြည့်ဖို့ လူ ထောင်ပေါင်းများစွာ ဟာ ကိုယ်ပိုင်ကားတွေ၊ ထရပ်ကားတွေ၊ ဘတ်စ်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ဘန်ကောက်မြို့ တော်ဆီကို စနေနေ့က ရောက်လာခဲ့ကြပါတယ်။

သွေးနဲ့ရေးတဲ့ ဆန္ဒပြပွဲကို တနင်္ဂနွေနေ့မှာ ဆက်ပြီးကျင်းပဖို့ အင်္ကျီအနီဝတ်ဆန္ဒပြသူတွေ စီစဉ် ထားကြတာပါ။

ဝန်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) အစိုးရ အာဏာကနေဆင်းပေးဖို့ ဆန္ဒပြ သူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

တချို့သတင်းတွေမှာတော့ ဆန္ဒပြခေါင်းဆောင်တွေဟာ တနင်္လာနေ့မှာ စတင် ပြောဆိုညှိနှိုင်းဖို့ သဘောတူလိုက်ကြပြီလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်နဲ့ပဲ ဆွေးနွေးမှာဖြစ်ပြီးတော့ တခြားအစိုးရအရာရှိတွေကို စေလွှတ်ညှိနှိုင်းမယ်ဆိုတဲ့ အစိုးရ အစီအစဉ်ကို ပယ်ချခဲ့ကြတာပါ။

အစောပိုင်းမှာ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေက ၀န်ကြီးချုပ်က လွှတ်တော်ကို မဖျက်သိမ်းပေးမချင်း၊ ရွေးကောက်ပွဲတွေ မကျင်းပပေးမချင်း ညှိနှိုင်းမှာမဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG