သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကျန်းမာရေး ဥပဒေကြမ်း နောက်ဆုံးအဆင့် ငြင်းခုန်


အမေရိကန် ပြည်ထောင်စုမှာ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သမိုင်းဝင် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်မှု အောက်လွှတ်တော်မှာ စတင်တော့မှာ ဖြစ်တာနဲ့အတူ အောက်လွှတ်တော် အမတ်တွေဟာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ နောက်ဆုံး အချေအတင် ဆွေးနွေးမှုတွေကို ပြုလုပ်နေကြပါတယ်။

ဥပဒေကြမ်း အတည်ပြုနိုင်ဖို့ မဲအလုံအလောက် ရရှိနိုင်ရေးမှာ အခရာဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်တဲ့ ဒီမိုကရက် အမတ်တွေနဲ့ အိမ်ဖြူတော်ကြားမှာလည်း သဘောတူညီမှု ရရှိထားပါတယ်။

တကယ်လို့ ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ အတည်ပြုလိုက်ရင် ကိုယ်ဝန်ဖျက်ချတဲ့အခါ အစိုးရစရိတ် အသုံးပြုမှု ကန့်သတ်မယ့် အစိုးရ ပြဋ္ဌာန်းချက်ကို လက်မှတ်ရေးထိုးပေးမယ်လို့ သမ္မတ အိုဘားမားက အာမခံခဲ့ပါတယ်။

အမေရိကန်မှာ ကျန်းမာရေး စောင့်ရှောက်မှု အာမခံ မရှိကြတဲ့ အမေရိကန် သန်းပေါင်း ၃၀ ကျော်အတွက် အခု ဥပဒေကြမ်းက အာမခံပေးနိုင်မှာ ဖြစ်တယ်ဆိုပြီး ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့သူတွေက ပြောကြပါတယ်။

ဝေဖန်သူတွေကတော့ ဒီဥပဒေတွေဟာ ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု ပိုပြီး များလာလိမ့်မယ်လို့ ပြောနေကြပါတယ်။

အတိုက်အခံ ရီပတ်ဘလီကန် အမတ်တွေကလည်း သမ္မတရဲ့ ကျန်းမာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မူကြမ်းအပေါ်မှာ သူတို့ပါတီဘက်က ထောက်ခံမဲပေးမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG