မြန်မာနိုင်ငံအတွင်း ကြံ့ဖွတ်လို့ လူသိများတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ရည်ရွယ်ချက်နဲ့ လူမှုရေးလုပ်ငန်းတွေ ကျယ်ကျယ်ပျံပျံ စတင်လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ မဲဆွယ် စည်းရုံးတဲ့ နည်းလမ်းတွေထဲမှာ ကျေးလက် ဒေသခံတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ငွေထုတ်ချေးတာတွေနဲ့ မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးရင် အဖွဲ့ဝင်သစ် စုဆောင်းတာတွေလည်း ပါဝင်ပါတယ်။ အပြည့်အစုံကို မညိုညိုလွင်က တင်ပြထားပါတယ်။