ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင် ဟောင်ကောင် စတဲ့ နိုင်ငံရပ်ခြားမှာ ရှိတဲ့ တက္ကသိုလ် ကောလိပ်တွေမှာ ပညာသင်ကြားလိုသူ မြန်မာလူငယ်တွေအနေနဲ့ နှစ်စဉ် ဇန္နဝါရီလ နဲ့ အခုလို မတ်လတွေမှာ ပညာသင်ဆုတွေ လျှောက်ထားနိုင်ကြပါတယ်။ လျှောက်ထားချင်သူတွေအဖို့ ဘယ်လို အချက်အလက်တွေ တင်ပြပြီး ဘယ်လို အစီအစဉ်တွေမှာ လျှောက်ထားလိုရတယ် ဆိုတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ အဆမ်းရှင်း တက္ကသိုလ် (Assumption University) မှာ လက်ရှိ တက်ရောက် ပညာသင်ယူနေကြတဲ့ မြန်မာနိုင်ငံသား ကျောင်းသူကျောင်းသား တချို့ကို တွေ့ဆုံမေးမြန်းပြီး VOA မြန်မာပိုင်းအစီအစဉ် ဗွီဒီယို သတင်းထောက် ကိုဇင်လတ် ရိုက်ကူး သတင်းပေးပို့ထာပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။