သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Google ပြဿနာကြောင့် တရုတ်၊ အမေရိကန် ဆက်ဆံရေး မထိခိုက်နိုင်


Google အင်တာနက် ကုမ္ပဏီကြီးက တရုတ်နိုင်ငံမှာ သတင်းအချက်အလက်တွေ ဆင်ဆာတည်းဖြတ်တာ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးကို ထိခိုက်စရာအကြောင်း မရှိဘူးလို့ တရုတ်နိုင်ငံက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

Google အင်တာနက် ကုမ္ပဏီရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ အမြတ်ထုတ်ပြီး ပြောရုံကလွဲလို့ အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးအပေါ် လွှမ်းမိုးမှု မရှိနိုင်တဲ့အကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျင်ဂန်း (Qin Gang) က ဒီနေ့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Google အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ တည်ဆဲဥပဒေတွေ အရသာ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အင်တာနက် သတင်းအချက်အလက်တွေကို ဆင်ဆာတည်းဖြတ်ဖို့ တရုတ်နိုင်ငံက တောင်းဆိုလာတာကြောင့် Google အနေနဲ့ ဟောင်ကောင် အင်တာနက် ပင်မလိုင်း ဆာဗာတွေကတဆင့် သွယ်ဝိုက်တဲ့နည်းနဲ့ တရုတ်နိုင်ငံက အင်တာနက် အသုံးပြုသူတွေအတွက် ဆက်သွယ်ပေးမှာ ဖြစ်တယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ဒါဟာ တရုတ်နဲ့ Google ကုမ္ပဏီအကြား သဘောတူ စာချွန်လွှာ ကတိတွေကို ချိုးဖောက်တာ ဖြစ်တာမို့ လုံး၀ မှားယွင်းတဲ့ ခြေလှမ်းပဲလို့ တရုတ်နိုင်ငံက ကြေညာချက် ထုတ်ပြန်ပြီး ချက်ချင်းပဲ တုံ့ပြန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG