မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတရားတဲ့ ဥပဒေတွေအောက်မှာ NLD ပါတီကို မှတ်ပုံတင်ဖို့ သူ့အနေနဲ့ ဘယ်တော့မှ မလိုလားတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း NLD ပါတီတွေအနေနဲ့ ဒီမိုကရေစီ နည်းလမ်းနဲ့အတူ ဆုံးဖြတ်ဖို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတဆင့် မှာကြားပါတယ်။ အပြည့်အစုံကို မညိုညိုလွင်က တင်ပြပါလိမ့်မယ်။