သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး သံတမန်တဦး ဗြိတိန် နှင်ထုတ်


ဗြိတိန် ပါ့စ်ပို့တ် (Passport) အတုတွေ ကိုင်ဆောင်ထားတဲ့ အစ္စရေး ထောက်လှမ်းရေး အရာရှိတွေက ဒူဘိုင်းမှာ ပါလက်စတိုင်း စစ်သွေးကြွတယောက်ကို လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အစ္စရေး သံတမန်တယောက်ကို ဗြိတိန်နိုင်ငံထဲက နှင်ထုတ်ခဲ့တဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်ရကြောင်း အစ္စရေးက ပြောလိုက်ပါတယ်။

ဒီလုပ်ကြံမှုမှာ အစ္စရေး ပါဝင်ပတ်သက်တယ်ဆိုတဲ့ သက်သေ အထောက်အထား ဘာမှမရှိဘူးလို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဗြိတိန် သံတမန်တွေကို အစ္စရေးက နှင်ထုတ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း သူတို့က ပြောပါတယ်။

သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးမှ အစ္စရေး သံတမန်ကို နိုင်ငံထဲက နှင်ထုတ်ခဲ့တာလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်း (David Miliband) က ပြောပါတယ်။

မသင်္ကာသူတွေ ဗြိတိန်ပါ့စ်ပို့တ် အတုတွေ ကိုင်ဆောင်မှုမှာ အစ္စရေး ပါဝင်ပတ်သက်နိုင်ချေ အများကြီး တွေ့ရတယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အစ္စရေး ထောက်လှမ်းရေးဌာန မော့ဆက် (Mossad) ရဲ့ လက်ချက်နဲ့ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ အပေါ်မှာတော့ အစ္စရေးက တစုံတရာ ပြန်ပြီး ပြောဆိုခြင်း မရှိပါဘူး။ အစ္စရေးအမတ် အာရီယာ အယ်လ်ဒက်ကတော့ ဗြိတိန်ရဲ့လုပ်ရပ်ဟာ မှားယွင်းပြီး အစ္စရေးရဲ့ အကြမ်းဖက်မှု စစ်ဆင်ရေးမှာ ဗြိတိန်က ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG