အမေရိကန်သမိုင်းမှာနဲ့ မျက်မှောက်ခေတ်မှာ လူ့အဖွဲ့အစည်းအကျိုးအတွက် အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို မီးမောင်းထိုးပြနိုင်ဖို့ ဒီလ မတ်လ ကို Women History Month အမျိုးသမီးများသမိုင်းတင်လ ရယ်လို့ လွှတ်တော်က အတည်ပြု သတ်မှတ်ပေးခဲ့ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုကို သမိုင်းတင်နိုင်ရေးအတွက် အသားပေး လှုပ်ရှားဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိဖို့ ကြိုးပမ်းမှုသမိုင်းကြောင်းက ဘယ်လိုရှိပါသလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများ ကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။