အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေကို သမ္မတ အိုဘားမား မတ်လ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ အမေရိကန်ပြည်သူ ၃၂ သန်းကို ကျန်းမာရေး အာမခံ ပေးနိုင်မယ့် သမိုင်းဝင် အပြောင်းအလဲအဖြစ် သမ္မတအိုဘားမားနဲ့ ဒီဥပဒေအတည်ပြုနိုင်ရေး ကြိုးပမ်းခဲ့သူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း ဝေဖန် ကန့်ကွက်မှုတွေ အကြီးအကျယ် ကြုံနေရဆဲဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးနဲ့ ဒေါ်ခင်စိုးဝင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။