မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှတ်ပုံတင်ဖို့ မလိုလားတဲ့အကြောင်း ပြောဆိုနေပေမယ့် တခြား အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေ အတွင်းမှာတော့ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး၊ ပါတီမှတ်ပုံတင်ရေး နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
ရန်ကုန်မြို့ခံ ပြည်သူတွေကြားမှာလည်း အမြင်သဘောထား အမျိုးမျိုး ကွဲလွဲချက်တွေ ရှိနေပါတယ်။ အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်တွေ နဲ့ ရန်ကုန်မြို့ခံတွေရဲ့ တုံ့ပြန်ချက်တွေကို ရှု့စားနိုင်ပါတယ်။