အခုတပါတ် ကျန်းမာရေးအစီအစဉ်မှာတော့ သွားကျန်းမာရေးအကြောင်းကိုနားဆင်ရမှာပါ။ မြန်မာနိုင်ငံဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ကျန်းမာရေးကိစ္စတွေကို သိပ်ပြီးဂရုမစိုက်တဲ့နိုင်ငံတခုဖြစ်လို့ သွားနဲ့ပါတ်သက်တဲ့ ပြဿနာတွေကို မြန်မာပြည် သူတွေ ခံစားနေကြရတယ်လို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာ သွားဆရာဝန် ဒေါက်တာဘက်တီဝေက ပြောပါတယ်။ ကိုကျော်အောင်လွင်က တင်ဆက်ပေးမှာပါ။