မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျပ်အတည်း ပြဿနာတွေ ပြေလည်သွားဖို့က ပြည်တွင်းမှာရှိတဲ့ လူတွေအချင်းချင်း ပြေလည်အောင် ညှိနှိုင်းအဖြေရှာ လုပ်ဆောင်သွားရမှာဖြစ်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲဒီလို ညှိနှိုင်းမှုတွေဖြစ်လာစေရေးကို အားပေးကူညီသွားဖို့ ရှိပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံတာဝန်ခံ (US Mission Chief in Burma) သံမှုးကြီး Larry Dinger က ပြောဆိုပါတယ်။ ဝါရှင်တန် ဒီစီ (Washington, DC) ကို ခေတ္တပြန်လည်ရောက်ရှိနေတဲ့ သံမှုးကြီး Larry Dinger ကို ဗွီအိုအေမြန်မာပိုင်း က သီးသန့်တွေ့ဆုံပြီး ဌာနမှုး ဦးသန်းလွင်ထွန်း ရဲ့ မေးမြန်းဆွေးနွေးချက်များကို တင်ပြထားပါတယ်။
Burmese Version
English Version