သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ် ဆန်စပါး ထုတ်လုပ်မှုကျဆင်း


မြန်မာနိုင်ငံက ဆန်စပါးအဓိက စိုက်ပျိုးရာ ဒေသတခုဖြစ်တဲ့ မြစ်ဝကျွန်းပေါ်မှာ အခြေခံလိုအပ်ချက်တွေ၊ ပံ့ပိုးမှုတွေ ချို့တဲ့နေတာမို့ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းခဲ့ရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO က ပြောဆိုလိုက်သလို၊ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်တဲ့အတွက် တိုးတက်မှုတွေ မရှိဘူးလို့ စီးပွားရေး ပညာရှင်တွေက ဆိုနေကြပါတယ်။ နာဂစ်ဆိုင်ကလုန်း ဘေးဒဏ်ခံခဲ့ရတဲ့ ဒီဒေသမှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေတွေ မရှိတာ၊ လယ်ယာစိုက်ပျိုးရေး အခြေခံတဲ့ တိုင်းပြည်တခု ဖြစ်ပေမဲ့ ကျေးလက်လူတန်းစားအတွက် ထိရောက်တဲ့ အစီအမံတွေ မရှိတာတွေကို ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။ ဒါတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG