သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဇသံကိုဖီဆန်ပြီး ထိုင်းအနီဝတ်တွေ ဆက်လက်ဆန္ဒပြ


ထိုင်းနိုင်ငံက အနီရောင်ဝတ် ဆန္ဒပြသူတွေကို ထိုင်းဒေသစံတော်ချိန် ၉ နာရီ နောက်ဆုံးထားပြီးတော့ ဆန္ဒပြမှုတွေ ရုပ်သိမ်းပေးဖို့ ထိုင်းအစိုးရက ရာဇသံပေးထားတာပါ။ အခု ထိုင်းစံတော်ချိန် ၉ နာရီ ကျော်ခဲ့ပြီမို့ သတ်မှတ်ချိန် ကျော်သွား ပါပြီ။ ဒါကြောင့် အခုနောက်ဆုံး အခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

အခုက နောက်ဆုံးအချိန် ၉ နာရီက ကျော်လွန်သွားပါပြီ။ အခု အစိုးရကတော့ ၉ နာရီကျော်တာနဲ့ ပြည်တွင်းလုံခြုံရေး အက်ဥပဒေအရ ဒီမှာရှိတဲ့သူတွေကို အရေးယူမယ်လို့ ရာဇသံပေးလိုက်ပါပြီ။ ဒါပေမဲ့ အခု ထိုင်းကာကွယ်ရေးဦးစီးချုပ် အနုပွန် က ကြားဝင်ပြီး ညှိပေးနေပါတယ်။ ဗိုလ်ချုပ်ကြီး အနုပွန် ကနေ ရဲကိုယ်စားလှယ်တွေ၊ ရဲမှူးတွေလာတဲ့အဖွဲ့ကို အနီဝတ်ဆန္ဒပြသူတွေဆီကို လွှတ်လိုက်ပါတယ်။ အခု သူတို့ ဆွေးနွေးကြတယ်။ ဆွေးနွေးပေမဲ့ ဒီဘက်က ဆန္ဒပြသူတွေ ဘက်က ခေါင်းဆောင်တွေက သူတို့ ဒီနေရာကို မဖယ်နိုင်ဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဆိုတော့ ဒီနေရာမှာ သူတို့ ဆက်နေပါတယ်။

ရဲသမဂ္ဂက ပြန်အကြောင်းပြန်တာကတော့ လက်ရှိရှိနေတဲ့လူအုပ်ကြီးကို ဖြိုဖို့အတွက် ရဲမှာ အခြေအနေ အင်အားမရှိဘူး။ ဖြိုဖို့အနေအထား မရှိနိုင်ဘူးဆိုပြီးတော့ သူတို့က အကြောင်းပြန်တယ်။ အဲဒီအတွက်ကြောင့်မိုလို့ အခု မနက်ဖြန်မနက် ကျရင် သူတို့ ထပ်ပြီးတော့ အနီဝတ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမယ်လို့ ပြောနေပါတယ်။ အခြေအနေကတော့ ဒီညတော့ အင်အားသုံးပြီး ဖြိုခွင်းမယ့်အလားအလာ မတွေ့ရပါဘူး။

အခုလက်ရှိ အခြေအနေမှာတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှီနာဝဒ် က ဘယ်နေရာကမှန်းတော့ မသိဘူး၊ အခု ဆန္ဒပြနေသူတွေကို တိုက်ရိုက် live မိန့်ခွန်းပြောနေပါတယ်။ သူ့မိန့်ခွန်းကို ဆန္ဒပြတဲ့ သူတွေနေရာမှာ ပိတ်ကားကြီးတွေ ထောင်ပြီးတော့ တခါတည်း သူတို့ပြထားပါတယ်။ ဝန်ကြီးချုပ် တက်ဆင် ကတော့ အင်္ကျီအဖြူရောင် ဝတ်ပြီးတော့ တည်တည်ငြိမ်ငြိမ်ပါပဲ စကားပြောနေပါတယ်။ ဒါကတော့ နောက်ဆုံး အခု အခြေအနေပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG