သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ အင်အားပြင်း ငလျင်လှုပ်


အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ ၇.၈ ပြင်းအားရှိတဲ့ ငလျင်တခု လှုပ်သွားပြီး ဒေသတွင်း ဆူနာမီ ဒီရေလှိုင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ငလျင်က ဗုဒ္ဓဟူး အရုဏ်တက်မတိုင်ခင် လှုပ်သွားတာဖြစ်ပြီး ဆူမားတြားကျွန်း အနောက်မြောက်ဘက် မိုင် ၁၃၀ နီးပါးနေရာ အိန္ဒိယ သမုဒ္ဒရာရေအောက် ဗဟိုပြုပြီး လှုပ်သွားတာ ဖြစ်ပါတယ်။

ဆူနာမီ ဒီရေလှိုင်း သတိပေးချက် ထုတ်ပြန်ထားပေမဲ့လည်း အကြီးအကျယ် အပျက်အစီးများမယ့် ဆူနာမီ ဖြစ်လာမယ်လို့တော့ ခန့်မှန်းမထားပါဘူး။ အပျက်အစီး၊ အသေအဆုံး စာရင်းလည်း သေချာ မသိရသေးပါဘူး။

အာချေးပြည်နယ် အနောက်ပိုင်းက ဆီမီလူကျွန်း (Simeulue Island) မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှာ အာချေးပြည်နယ်မှာ ၉.၁ ပြင်းအားရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တုန်းက လူပေါင်း ၂၂၀,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဆူနာမီ ဒီရေ လွှမ်းမိုးမှုကြီးတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG